Cervix သားအိမ်ဝကင်ဆာကာကွယ်ဆေး
30-Dec-1899•Cervarix (HPV vaccine) ဆိုတာ Cervical cancer သားအိမ်ဝ (ခေါင်း) ကင်ဆာဖြစ်စေနိုင်တဲ့ Human papilloma virus (HPV) ဗိုင်းရပ်စ်ကို ကာကွယ်တဲ့ ထိုးဆေးဖြစ်တယ်။ ဒီပိုးက လိင်ကတဆင့်ကူးစက်တယ်။
• Genital warts လိင်လမ်းကြွက်နို့၊ Pre-cancerous abnormalities of cells in cervix or vulva အမျိုးသမီးတွေရဲ့ သားအိမ်ဝနဲ့ လိင်အင်္ဂါမှာ ကင်ဆာလို အပြောင်းအလဲတွေအပြင် သားအိမ်ဝကင်ဆာကို ဆက်ဖြစ်လာစေနိုင်တယ်။
• Cervarixထဲမှာ HPV types 16 နဲ့ 18 ဗိုင်းရပ်စ်အမျိုးအစာ (၂) ခုကို အားနည်းသွားစေအောင် လုပ်ထားတာကိုသုံးတယ်။ ဒီ ၂ မျိုးကနေ ရဝ% သောသားအိမ်အဝကင်ဆာကို ဖြစ်စေနိုင်တယ်။ တခြားကင်ဆာဖြစ်စေနိုင်တဲ့ HPV types 31, 33 နဲ့ 45 တွေကိုလဲကာကွယ်မှုပေးတာကိုတွေ့ရသေးပါတယ်။
• အခုအထိတော့ ကာလဘယ်လောက်ကြာကြာကာကွယ်မလဲဆိုတာမပြောနိုင်သေးပါ။ သုတေသနတွေအရအသက် ၁၅ နှစ်ကနေ ၂၅ နှစ်ရှိမိန်းကလေး-အမျိုးသမီးတွေကိုပထမတကြိမ် ထိုးလိုက်ရင် ၆့၄ နှစ်အထထိကာကွယ်နိုင်တာကိုသိရပြီ။ ဒိနောက်မှာထပ်ထိုးဘို့ လို-မလိုမပြောနိုင်သေးပါ။
• တချို့ဆရာဝန်တွေကအသက် ၁၅ ကနေ ၂၅ နှစ်၊ တချု့က ၉ နှစ်ကနေစပြီးထိုးစေတယ်။
• အသားထဲထိုးရတဲ့ ထိုးဆေးဖြစ်တယ်။ (၃) ကြိမ်ထိုးရမယ်။ ဝ-၁-၆ ပုံသေနည်းသုံးတယ်။ပထမဆေးထိုးပြီးနောက် ၁ လမှာဒုတိယဆေးနဲ့ တတိယဆေးကို ၆ လအပြည့်မှာထိုးရမယ်။
• အဲဒီနည်းအတိုင်းဆေးထိုးဘို့ အဆင်မပြေရင် ပထမဆေးပြီးနောက် ၂ လခွဲမှာဒုတိယဆေးနဲ့ တတိယဆေးကို ၅ လ နဲ့ တနှစ်အတွင်းမှာထိုးနိုင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာဒီကာကွယ်ဆေးထိုးလို့ရပါတယ်။စောင့်နိုင်ရင် ပိုကောင်းပါမယ်။ ရာသီရက်ကိုမမေးပါ။ ကိုယ်ဝန်တားဆေးသောက်နေသူတွေအတွက် ကိစ္စမရှိပါ။
• ဘေးထွက်ဆိုးကျိုးတွေကတော့ သက်ရှိဗိုင်းရပ်စ်ကို သုံးထားတာမဟုတ်လို့ HPV ပိုးဝင်တာအတွက် စိတ်ချရတယ်။ ဆေးထိုးတဲ့နေရာမှာနာမယ်၊ နီမယ်၊ ရောင်မယ်။ခေါင်းကိုက်၊ ကြွက်သားနာ၊ အားယုတ်နိုင်တယ်။
• ဒီကာကွယ်ဆေးဟာကင်ဆာဆေး၊ စတီရွိုက်ဆေး နဲ့ ခုခံအားကျဆေးသုံးနေချိန်မှာထိရောက်မှုနည်းမယ်။ တခြားကာကွယ်ဆေးတွေ Diphtheria, Tetanus, Pertussis and Polio vaccines နဲ့ တရက်ထဲထိုးလို့ ရပါတယ်။ ဆေးထိုးတဲ့နေရာတော့ အတူမဖြစ်ရပါ။
• Gardasil က တခြားသားအိမ်ဝကင်ဆာကာကွယ်ဆေးဖြစ်တယ်။
Ref:
ဒေါက်တာတင့်ဆွေ